မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပိုစတာများmask များပြည်သူများလက်ဝယ် ဖြန့်ချိခြင်းများကို ကူးစက်မှုလျော့နည်းစေရန် ဆောင်ရွက်

မူဆယ် ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လူစည်ကားရာဈေးအနီးရှိလမ်းစုံမီးပွိုင့်များတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါကူးစက်ပျံ့နှံမှု ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများ၊ maskများ  ပြည်သူများလက်ဝယ် ဖြန့်ဝေခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က နှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။

မူဆယ်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ် ၁၉ မျိုးဗီဇ ပြောင်းအိုမီခရွန်(Omicron)သည် ကူးစက်ပျံ့နှံမှုပိုမိုလျင်မြန်လာပြီး မူဆယ်မြို့တွင်းသို့ ကူးစက် လာခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက maskစနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်းရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ ဆေး ကြောရန်၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်၁၉ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန် စသည့် အချက်များကို အသံချဲစက်ဖြင့် ဆော်ဩပေးပြီး၊ အသိပညာပေးဗီနိုင်းပိုစတာများနှင့် mask များကို ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။

အသိပညာပေးဆော်ဩခြင်းနှင့် ပိုစတာများ၊ mask များဝေငှရာတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးကောင်စီဉက္ကဌဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ muse red berryအကအဖွဲ့၏ တင်ဆက်မှုနှင့်အတူ မြို့တွင်းပရဟိတလူမှုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)