ဖြူး ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တောင်ငူခရိုင်အလုပ်ရုံနှင့် အလု်ပသမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးခြင်း Talk Showကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ တောင်ငူခရိုင်အလုပ်ရုံနှင့် အလု်ပ သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူဇင်သက်နှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေး တို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် တောင်ငူခရိုင်အလုပ်ရုံနှင့် အလု်ပသမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူဇင်သက်က ကလေးအလုပ်သမား၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ အလုပ်ရုံနှင့် အလု်ပသမား ဥပဒေစစ်ဆေးရေးဦးစီးဌာန စစ်ဆေးစည်းကြပ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားများအား ကာကွယ်ပေးရေးစီစဉ်ထားမှု၊ လုပ်ငန်းခွင်တွင် ကလေးအလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိစေသည့် လုပ်ငန်းများအကြောင်း၊ ကလေး အလုပ်သမားများအား ခိုင်းစေခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ Talk Showကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဖြူးမြို့နယ်ပြည်သူ့ စာကြည့်တိုက် Page တွင် အွန်လိုင်းမှ တဆင့် အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)