သု၀ဏ္ဏဘူမိဗောဓိမေတ္တာ မိဘမဲ့ပရဟိတကျောင်း ဆောက်လုပ်ရန် မြေနေရာ လှူဒါန်း
Feb 28,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ခိုကိုးရာမဲ့ မိဘမဲ့ကလေးငယ်များ ပြုစုပျိူးထောင်နိုင်ရန် "သု၀ဏ္ဏဘူမိဗောဓိမေတ္တာ" မိဘမဲ့ပရဟိတကျောင်းကို သထုံရွှေတံခါးဆေးဆရာတော်၊ နယ်လှည့်သာသနာပြု ဓမ္မကထိကအရှင်ကုဝေရမှ ဦးစီး ဆောက်လုပ်သွားမည်ဖြစ်ရာ အဆောက်အဦများ တည်ဆောက်နိုင်ရန်အတွက်လိုအပ်သည့် မြေနေရာအား အလှူရှင် မိသားစုတို့က ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။