ကျောက်တန်း ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၇ရက်မှ တပေါင်းလပြည့်နေ့(မတ်လ ၈ ရက် မှ ၁၆ ရက်)နေ့ အထိ ကျင်းပမည်ဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၇ ရက် (မတ် ၈ ရက်) နေ့ မွန့်တည်၁၂နာရီတွင် သံဃာတော်အရှင်သူမြတ်(၃၂)ပါးတို့က အဘိဓမ္မာဒေသနာတော်မြတ်ကို ရွတ်ဖတ် ပူဇော်ဖွင့်လှစ်ပြီး တပေါင်းလပြည့်နေ့(မတ်လ ၁၆)ရက်အထိ (၉)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော် မည်ဖြစ်သည်။
တပေါင်းလဆန်း ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ (မတ်၁၄ ရက်နေ့မှ ၁၆ ရက်နေ့)အထိ စေတီတော်မြတ်တွင် ညစဉ်ဆီမီးပူဇော်ပွဲကျင်းပခြင်း၊ လပြည့်နေ့ နံနက်တွင် ဘုရားအနေကဇာတင်ခြင်း၊ အာရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ ဆွမ်းသပိတ်မျှောခြင်း ကျင်းပပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြမည်ဖြစ်ပါသည်။
မြို့နယ် ပြန်/ဆက်