တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

တိုက်ကြီး      ဖေဖော်ဝါရီ       ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော  နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် နာရီ အချိန်ခန့်က    အ.ထ.က(တိုက်ကြီး) ကျောင်း အနော်ရထာခန်းမ၌ ​​ ကျင်းပပြု လုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဉီးမောင်မောင်လတ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဉီးစီးမှူးရုံးမှ ဉီးစီးအရာရှိ ဉီးအောင်မင်းထွေးတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား အသုံးဝင်ပုံ ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ကျောင်းသား ကျောင်းသူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရှင်းလင်း ပြောကြားပြီးအသက် ၁၀ နှစ်ပြည့် ကျောင်းသား ကျောင်းသူ (၁၂၉)ဦးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၂၉)ကတ်အား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာနရန်ကုန်မြောက်ပိုင်းခရိုင်   တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊    ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူ ( ၁၅၀)  ဉီး   တက်ရောက် ခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)