သတင်းများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Feb 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်းရှိ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများ နှင့် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံအတွင်း ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
မချမ်းဘောမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးအတွက် အသိပေးနှိုးဆော်ခြင်း Mask Campaign များ ပြုလုပ်
Feb 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် Mask Campaign ပြုလုပ်ခြင်းကို စည်ပင်သာယာမြို့မဈေး၌ ယနေ့နံနက် ၇ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအသိပညာပေး Mask Campaign ပြုလုပ်
Feb 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Feb 26,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်း လမ်းမ​ပေါ်ရှိ     အထက(၂) လသာကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
ငပု​တောမြို့နယ်အတွင်းရှိ ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်​ဆေးပြီး Mask များ ဖြန့်​ဝေ
Feb 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ငပု​တော မြို့ မြို့အဝင်စစ်​ဆေး​ရေးဂိတ်၊ လမ်းဆုံ၊ လမ်းခွများ၊ သင်္ဘောဆိပ်နှင့် မြို့မ​စျေး ​အတွင်းရှိ ဈေးရောင်းချနေသူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား ယ​မန်​နေ့ ည​နေ ၃ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး၍ Mask များဖြန့်​ဝေ​ပေးခဲ့ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Feb 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း နှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁ဝ)နာရီအချိန်မှ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ Covishield  First Dose ထိုးနှံသူ (၁၀၀) ဦး၊ Sinovac Second Dose ထိုးနှံသူ(၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်​ ဇီးဖြူခင်အလယ် ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ် ထုတ်ချေးပေး
Feb 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူခင်အလယ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်း​က အဆိုပါ ကျေးရွာ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါကြိုတင် ကာကွယ်ရေး လှည့်လည်အသိပညာပေးနှိုးဆော်
Feb 26,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဌာနတို့ ပူးပေါင်း၍ ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။