မိုးကောင်းမြို့ အထက(၁)ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

မိုးကောင်း      ဖေဖော်ဝါရီ     ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းနှင့် မိုးညှင်းခရိုင် ဦးစီးမှူး ဒေါ်နွယ်နီစိုးတို့မှ နိုင်ငံသားစိစစ်ဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးကာ ကျောင်းသား/ သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားအရေးပါမှု၊ အသုံးဝင်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဗလာ စာအုပ်နှင့်ဘောပင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မိုးကောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက(၁)ကျောင်းတွင်အခြေပြု၍ နိုင်၃(က) ကျား(၄၇)၊ မ(၅၉)စုစုပေါင်း(၁၀၆) ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)