ပွင့်ဖြူ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အနောက်ကိုင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာရှိ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး မလိုအပ်ဘဲ နေအိမ်ပြင်ပသွားလာခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် ၊ လူစုလူဝေးရှိသောနေရာများ သွားရောက်ခြင်းမပြုရန် ၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန် ၊ အပြင်မှ ပြန်လာသည့်အခါတိုင်း လက်ကို စနစ်တကျ ဆေးကြောရန် ၊ လက်မဆေးမီ မျက်နှာအား ပွတ်သပ်ခြင်းမပြုရန်နှင့် အရာဝတ္ထုပစ္စည်းများ ကိုင်တွယ်ခြင်း မပြုရန် ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက သတ်မှတ် ဆေးထိုးစုရပ်များသို့ မပျက်မကွက် သွားရောက် ထိုးနှံကြရန် စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူလူထု ပူးပေါင်းကာကွယ်တိုက် ဖျက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )