ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၄
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်တော်များ လှူဒါန်းရာတွင် ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်နှင့်ဝန်ထမ်းများက မာန်အောင်ပရိယတ္တိတိုက် စာသင်တိုက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိဿရထံသို့ဆန် (၂၄)ပြည့်ပါ ဆန်(၉)အိတ်အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)