သတင်းများ

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ နယ်လှည့် ကွင်းဆင်း ဆောင်ရွက်
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သာယာဝတီမြို့ အ.ထ.က (ဖိုးခေါင်) ကျောင်းနှင့်အ.ထ.က (စံရွေး) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ် စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ပိုးသတ်ဆေးဖျန်ခြင်းဆောင်ရွက်
Feb 22,2022
ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က ပိုးသတ်ဆေး လိုက်လံဖျန်းပေးခြင်းကို မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲ ကျင်းပ
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်‌အုပ်စု ကညင်သုံးဆင့် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲကို  ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပရာ တိုင်းဒေသကြီးပညာရေးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးတင်လှိုင်၊ ခရိုင်ပညာရေးမှုး တာဝန်ခံ ဦးမြင့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးနေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား တိုင်းဒေသကြီး ပညာရေးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးတင်လှိုင်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းဖွားအက၊ ကရင်ဒုံးယိမ်းအက၊ မြန်မာတိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ကျောက်တံတားမြို့နယ်အတွင်း ပြည်သူများအား Sputnik Light Booster Dose အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား Sputnik Light Booster Dose အပိုဆောင်းကာကွယ်ဆေးများကို ကာကွယ် ဆေးထိုး စုရပ်ဖြစ်သည့် အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့) တွင် နံနက် ၁ဝ နာရီအချိန်မှ ၁၅ နာရီထိ စုစုပေါင်း (၅၀၀) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်
Feb 22,2022
ကမ္ဘာတစ်ဝှမ်း ကူးစက်ပြန့်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီး၊ City Square၊ စဝ်စံထွန်းဈေးနှင့် အမှတ်(၅) ဈေးတို့တွင် ပြုလုပ် သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်‌၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield Phase- 6 second dose (ဒုတိယအကြိမ်) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ချောင်းဦးမြို့နယ်တွင် နွေရာသီ ရေရှားပါးပြတ်လပ်မှု့မရှိစေရေး ဆောင်ရွက်ထားရှိ
Feb 22,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ်နွေရာသီတွင် မြို့နယ်အတွင်း ရေရှားပါး ပြတ်လပ်မှု့မရှိစေရေး ဆောင်ရွက် ထားကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(COVAXIN) Booster Doseဆက်လက် ထိုးနှံပေး လျက်ရှိ
Feb 22,2022
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ပြည်နယ်၊ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHEID နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများကို (COVAXIN) Booster Dose ထိုးနှံပေးခြင်းကို ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။