တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်

တောင်ကြီး  ဖေဖော်ဝါရီ  ၂၂

ကမ္ဘာတစ်ဝှမ်း ကူးစက်ပြန့်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီး၊ City Square၊ စဝ်စံထွန်းဈေးနှင့် အမှတ်(၅) ဈေးတို့တွင် ပြုလုပ် သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တစ်ခါသုံး Mask အခုရေ ၅၀၀ နှင့် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်း မရှိစေရရန် အသိပညာပေး လက်ကမ်းစာစောင်စောင်ရေ ၅၀၀ အား  ဈေးရောင်းဈေးဝယ်ပြည်သူများထံ သို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask တပ်ဆင်ထားခြင်းမရှိသူ များအား Mask စနစ်တကျတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်သည်။

တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန်နှင့် ပြည်သူများ Mask စနစ် တကျ တပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် Mask Campaign ကို လူစည်ကားရာနေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

ဇော်နိုင်လင်း