သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ နယ်လှည့် ကွင်းဆင်း ဆောင်ရွက်

သာယာဝတီ    ဖေဖော်ဝါရီ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သာယာဝတီမြို့ အ.ထ.က (ဖိုးခေါင်) ကျောင်းနှင့်အ.ထ.က (စံရွေး) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ် စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးများတွက် Online မှတစ်ဆင့်ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် နယ်လှည့်ကွင်းဆင်းကာ စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များ ဌားရမ်းပေးလျက်ရှိပြီး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)