သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ မိမိတို့အပ်နှံထားသော သက်ဆိုင်ရာကျောင်းများသို့ သွားရောက်၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် (ဇွန်လ ၁ ရက်) ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ဖွင့်လှစ်ကာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် စာသင်ကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များကို မေလ ၂၄ ရက်နေ့မှ၃၁ရက်နေ့အထိ စတင်ကျောင်းအပ်လက်ခံခဲ့ကာ ယနေ့ နံနက် ၇ နာရီ ခွဲအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်း သူကလေးများ ပျော်ရွှင်စွာတက်ရောက်ကြသည်။
အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းစတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ဖြစ်ရာ ရန်ကုန် အနောက်ပိုင်းခရိုင်၊အလုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျောင်းစတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီမှစတင်၍ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ် ပို့ချသင်ကြားလျက် ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။