သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို ဒေသခံပြည်သူ(၈၆၂၇၉)ဦးအား Second Dose ထိုးနှံပြီးစီး
Feb 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ပြည်သူ(၈၆၂၇၉)ဦးတွင် Second Dose အဖြစ် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်မှ မော်တော်ယာဉ်များ အားစစ်ဆေးပြီး (Mask) များ အခမဲ့ဖြန့်ဝေ
Feb 23,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားလာသူများအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာခြင်း ရှိ /မရှိ ကို ယမန်နေ့က မြို့အဝင် ကုန်းတဲဂိတ် မှနေ၍ စစ်ဆေးခဲ့ပြီး (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပူးပေါင်းဆောင်ရွက်
Feb 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ​ပြောင်း(အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းလုပ်ဆောင်ခြင်းများကို ယမန်နေ့မှ စတင်ကာ ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံ လမ်းမများ၊ ဈေးများ၊ ဆိပ်ကမ်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မတ္တရာမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Feb 23,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့က မြို့နယ် အားကစားရုံနှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကျောက်တံတားမြို့နယ်အတွင်း အများပြည်သူအဆင်ပြေ ချောမွေ့စွာဝယ်ယူစားသုံးနိုင်စေရန် Mobile ဈေးကားများဖြင့် လှည့်လည်ရောင်းချ
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းအများ ပြည်သူအဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်၌ အမှတ်(၇) ရပ်ကွက် ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းတို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆန်နှင့်ဆီများကိုဈေးနှုန်း သက်သာစွာရောင်းချပေးလျှက်ရှိရာ ဆန်ချော (၅) ပြည် (၁အိတ်) (၈၅၀၀ကျပ်) ဆီ(၅၀)ကျပ်သား(၁ဘူး)လျှင် (၂၃၀၀ကျပ်)နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အရှေ့မြောက်အရပ်က မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားတိုင်း  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Feb 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများကို နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွား လာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီ အချိန် က မုန်းပေါ်ဒေသ(ဌာနေ)ငြိမ်းအေးမြေခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ပွဲပြုလုပ်ခဲ့သည်။ 
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ် ခန်းမ နှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းအိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့် အရပ်ရပ် အခွင့်အရေး လိုင်စင်များဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ
Feb 23,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့၏ ၂၀၂၂-၂၀၂၃ဘဏ္ဌာရေးနှစ်အတွင်း သားသတ်လုပ်ငန်း အိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့်အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေ‌လံတင်ရောင်းချခြင်း အခမ်းအနားကို ကမမောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။