ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

ပေါက်ခေါင်း   ဖေဖော်ဝါရီ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်‌၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield Phase- 6 second dose (ဒုတိယအကြိမ်) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ဇန်နဝါရီ ၂၅ ရက်နေ့က ပထမအကြိမ် Covidshield ထိုးနှံပြီးသူ၊ ပြည်သူ(၃၈၅)ဦးကို မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးရှိသည်။ အဆိုပါဆေးထိုးနှံပေးသည့်နေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူများကို ကိုစ်-၁၉ရောဂါ ကူးစက်ပျံ့ပွါးမှု လျော့နည်း ပပျောက်ရေးအတွက် ကာကွယ်ဆေး မထိုးရသေးသူများကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ပြည်သူများကို ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Covidshield အမျိုးအစားကို မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် ဆက်လက် ထိုးနှံ ပေးမည်ဖြစ် ကျန်းမာရေးဦးစီးဌာနမှကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)