ကျောက်တံတား ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား Sputnik Light Booster Dose အပိုဆောင်းကာကွယ်ဆေးများကို ကာကွယ် ဆေးထိုး စုရပ်ဖြစ်သည့် အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့) တွင် နံနက် ၁ဝ နာရီအချိန်မှ ၁၅ နာရီထိ စုစုပေါင်း (၅၀၀) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)