ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(COVAXIN) Booster Doseဆက်လက် ထိုးနှံပေး လျက်ရှိ

ဘားအံ ဖေဖော်ဝါရီ ၂၂


ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ပြည်နယ်၊ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHEID နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများကို (COVAXIN) Booster Dose ထိုးနှံပေးခြင်းကို ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Suptnik  Light ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးထိုးနှံပေးသည့် လုပ်ငန်းများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချု်ပရေး ကော်မတီမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အပူချိန်တိုင်း‌ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)