မုဒုံ ဖေဖော်ဝါရီ ၂၂
ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က ပိုးသတ်ဆေး လိုက်လံဖျန်းပေးခြင်းကို မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ဦးဆောင်၍ ပရဟိတ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက အ.ထ.က (ကွေ့ဝမ်း)၊ အ.ထ.က (ကော့ခပုံ)၊ အ.ထ.က(ညောင်ကုန်း)၊ အ.ထ.က(နိုင်လှုံ) စာသင်ကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ပိုးသတ်ဆေး အချိုးကျ ဖော်စပ်ပြီး နည်းစနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းဝင်းများအတွင်းရှိ စာသင်ခန်းများ၊ ပြတင်းပေါက်များ ကျောင်းသား၊ ကျောင်းသူများ ကိုင်တွယ်ထိတွေ့မှု အများဆုံးနေရာများနှင့် သန့်စင်ခန်းများတွင် ပိုးသတ်ဆေး လိုက်လံဖျန်းပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)