သတင်းများ

မိုင်းပန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး
Feb 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
တနင်္သာရီမြို့၌ ကိုဗစ်-၁၉ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-7 ကိုချပြရှင်းလင်းပွဲ ပြုလုပ်
Feb 22,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-7 ကို ချပြရှင်းလင်းပွဲတစ်ရပ်ကို မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ကံမမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းအားမြေသားလမ်းအဖြစ်မှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Feb 22,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင် ကံမမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂) ရပ်ကွက်ရှိ စံပယ်လမ်းအား မြေသားလမ်းအဖြစ်မှ ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 
Feb 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
Feb 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဆောင်သစ်အား တည်ဆောက်လျက်ရှိရာ ယနေ့ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ပတဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ကွင်းဆင်းထိုးနှံပေး
Feb 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ရက်အတွင်း လူဦးရေ(၇၆၆)ဦးအား ကွင်းဆင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်
Feb 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်၍ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ခြင်းမရှိသော ပြည်သူများအား ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်၍ ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။