သတင်းများ

နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို  ကာကွယ်ထိန်းချုပ်ရန်နှင့် ကာကွယ် ဆေးထိုးဧရိယာများ ပြားလွှမ်းခြုံနိုင်ရန်တို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီတွင် ခိုလမ်-နမ့်စန် မြို့အဝင်အမှတ်(၂)ရပ်ကွက် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို  ကာကွယ်ထိန်းချုပ်ရန်နှင့် ကာကွယ် ဆေးထိုးဧရိယာများ ပြားလွှမ်းခြုံနိုင်ရန်တို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများကို ရှောင်တခင်စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီတွင် ခိုလမ်-နမ့်စန် မြို့အဝင်အမှတ်(၂)ရပ်ကွက် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား ၈၁၄ဦးအား ၂၄၄သိန်း ၂သောင်းကျပ် ထောက်ပံ့ပေးအပ်
Feb 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၂နာရီ အချိန်က ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ လက်ဝယ်သို့ မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဖိုးအဖွားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေး
Feb 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်းအတွင်း၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သထုံမြိုနယ်၊ ကျောင်းဇရပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် သောက်သုံးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Feb 22,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ ကျောင်းဇရပ်ကျေးရွာတွင် မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ‌ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် တည်တောက်ခဲ့သည့် ရေစင်၊ ရေစက်ရုံနှင့် စက်ရေတွင်း(တွင်းတိမ်) ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ရာ ယမန်နေ့ မွန်းလွဲ ပိုင်းက မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရမည်းသင်းခရိုင်/ မြို့နယ်ကြက်‌ခြေနီယာယီကြီးကြပ်ရေးအဖွဲ့ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Feb 22,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင်/မြို့နယ် ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ရက်မွန်းလွဲ (၁)နာရီက မြို့နယ် ကြက်‌ခြေနီ ယာယီကြီးကြပ်ရေး အဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက် ထုတ်ပေးလျက်ရှိ
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် (၉)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစည်ကားသောနေရာများတွင် အသိပညာပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 22,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက လူစည်ကားသောနေရာများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။