စလင်း ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ် တစ်ခါမျှမထိုးနှံရသေး သူများအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်၉နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက စလင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid Shield)များ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
စလင်းမြို့နယ်အတွင်း ကိုဗစ်၁၉-ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ဆေးရုံများနှင့် သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများကပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် Covid shield ဆေးလာရောက်ထိုးနှံသူ ၁၀၃ ဦး စလင်းပြည်သူ့ ဆေးရုံရှိ အစည်းဝေး ခန်းမဆောင်တွင် လာရောက်ထိုးနှံလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပထမအကြိမ် ထိုးနှံသူ ၉၇၇၈၅ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၈၃၅၁၆ ဦး၊ ပြီးစီးပြီးရာခိုင်နှုန်အားဖြင့် ၅၈.၃၅ ရာခိုင်နှုန်း ပြီးစီးကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
စလင်း မောင်လွင်