ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၂၁
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ တန်းတူပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းအိမ်တွင်းမှုလုပ်ငန်းသင်ကြားခွင့်များ တန်းတူ အခွင့်ရေးရပိုင်ခွင့်များ ဖိနှိပ်ဆက်ဆံခြင်းမရှိစေရေးအတွက် အကာကွယ်ပေးမှုရပိုင်ခွင့်များအား အများပြည်သူများ လေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် ယနေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့၌ နံရံကပ်ဘုတ်တွင် ဓာတ်ပုံ မှတ်တမ်းများနှင့် မှတ်သားဖွယ်ရာများအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်များတွင် နိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးခဲ့မှုအခြေအနေများ တန်းတူပညာသင်ကြားခွင့်နှင့် အိမ်တွင်းမှု အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့မှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ရပိုင်ခွင့်အခွင့်အရေးများ မသန်စွမ်းသူများ၏ အကာအကွယ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအား ပြည်သူ များအနေဖြင့် လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် နံရံကပ် စာစောင် ဓာတ်ပုံများအား ခင်းကျင်းပြသပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး