မြန်မာနိုင်ငံ ကြက်‌‌ခြေနီအသင်းက မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

မြန်အောင် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နေ့လည် ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ် ထောင်စု (၃)စုအတွက် မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော Dignity kit၊ Shelter Tool Kit၊ Family Kit၊ Hygiene Kit တို့အား မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ခရိုင်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မြင့်၊ ဒုတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့်အိမ်ထောင်စု(၃)စု လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်