သဲကုန်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် စနစ်တကျရှိစေရန် သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်ထုတ်ယူရာတွင် သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားဝန်ထမ်း ၁၅၂၁ ဦးရှိပြီး ပင်စင်စားများ အဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)