မြစ်သား ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်စေရေး အသိပညာပေးခြင်း Mask Campaign အရှိန်အဟုန်မြှင့်စစ်ဆေး ခြင်းကို ယနေ့နံနက် (၈)နာရီက ဗိုလ်ချုပ်လမ်း လူစည်ကားရာနေရာများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုက်တန်းရှေ့၊ ရွှေသမင်စက်သုံးဆီဆိုင်ရှေ့၊ သံလမ်းဆုံနေရာနှင့်အခွန်လွတ် စျေးနေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ Mask တပ်ဆင်စေရေး အသိပညာပေးခြင်း Mask Campaign စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်းပြီး ဒေသခံပြည်သူများအား မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပြန့်ပွားမှု များပြားလာသည့်အတွက် နေအိမ်ပြင်ပသွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ပြီးမှသွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ အရာဝတ္ထုတစ်ခုကို ကိုင်ပြီးသည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောကြရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံ ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အချက် များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ သွားလာသူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်စေခဲ့ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)