သတင်းများ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်
Feb 22,2022
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှကြီးမှူး၍ တိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် အထက်တန်းကျောင်းအုပ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ အစည်းအဝေးကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထန်းတပင်၌ စျေးဆိုင်များအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ  စျေးရောင်းချရေး စစ်ဆေးဆောင်ရွက်နေ
Feb 22,2022
ကိုဗစ်-၁၉ရောဂါ ဗိုင်းရပ်စ်မျိုးကွဲဖြစ်သည့် Omicron ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမှုများ လျော့နည်းလာစေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စျေးများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စျေးရောင်းချမှုများ ရှိ၊ မရှိ မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်အတွင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ
Feb 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇၄၄၉၆ ထိုးနှံပြီးဖြစ် ၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ကအထိကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇၄၄၉၆ ထိုးနှံပြီးဖြစ်ကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်မံထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရမည့်ကျောင်းသူ/ကျောင်းသားများကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့သည်။
ဘူးသီးတောင်နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်၍ ဌာနဆိုင်ရာဝန် ထမ်းများ ပူးပေါင်းကာယနေ့နံနက် ၉ နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှေ့လမ်းဆုံ၌Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး
Feb 22,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။