မော်လိုက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲ ကျင်းပ
Feb 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့မဘုန်းတော်ကြီးကျောင်းတိုက်၊ ပရိယတ္တိစာသင် တိုက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ဖွင့်လှစ်ခဲ့ကြသည်။