လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ပြုလုပ်

ပေါက်တော ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးဘေးလုံခြုံရေးအနေဖြင့် ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အကြောင်းရင်းများနှင့် ကြိုတင်ဆောင်ရွက်ထားရမည့် ကာကွယ်ရေးလုပ်ငန်းများ၊ မီးဘေးကာကွယ်ရေးအနေဖြင့် ပေါက်တောမြို့ပေါ်ရှိ တည်းခိုခန်းများ၊ စျေးများ၊ စားသောက်ဆိုင်များ၊ လူနေအိမ်များ၊ လောင်စာဆီရောင်းချနေသော စက်သုံးဆီဆိုင်များနှင့် အခြားမီးဘေးစိုးရိမ် ရသည့် လုပ်ငန်းများကိုလည်း စစ်ဆေးလျက်ရှိပါကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်းကာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စနစ်တကျ ဆောင်ရွက်ထားမှုများ၊ စဉ်ဆက်မပြတ် အသိပညာပေး လုပ်ငန်းများနှင့် လှည့်လည် ဆော်သြခြင်းလုပ်ငန်းများ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ ထိုTalk Show ဆွေးနွေးပွဲကို We Love Pauk Taw Pageနှင့် ပေါက်တောပြည်သူ့စာကြည့်တိုက် Pageများမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)