မိုးနဲ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးပွဲ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုဆောင်ရွေးချယ်ပွဲအခမ်းအနား ဆောင်ရွက်ရာတွင် သဘာပတိ ဦးငိုဘွယ်မှ ဦးစွာပထမတက်ရောက်ကြသူများကို နှုတ်ခွန်းဆက် ဂါရဝပြုကာ သဘာပတိ လုပ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အသင်းမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို အသင်းသူ/အသင်းသားများ အားလုံးသိရှိအောင် ရှင်းပြလို၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် သမဝါယမအသင်း ဥပဒေတွင်လည်း ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ၃ လအတွင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို နှစ်စဉ်ကျင်းပရမည် ဖြစ်ကြောင်း၊ အသင်းသူ/အသင်းသား စုစုပေါင်း ၃၁၈ ဦးရှိပြီး အစုငွေပေါင်း တစ်ဆယ်ငါးသိန်း ကိုးသောင်းရှိပြီး စုဆောင်း ငွေပေါင်း ၁၂၄၅၇၇၄၀၇ ကျပ်သိန်း ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အသင်းသားသို့ ၂၅၇၆၈၀၀၀၀ ကျပ်သိန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး အသင်းသားမှ ၂၄၄၃၇၀၀၀၀ ကျပ်သိန်းကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အသင်းသားသို့ ချေးငွေ ၁၁၂၆၇၀၀၀၀ ကျပ်သိန်း ကျန်ရှိနေခဲ့ကာ အသင်းသားများအနေဖြင့် ချေးငွေကို ၁၀ လနှင့် အကြေပေးဆပ်ရမည် ထုတ်ချေးငွေပေါ် အတိုးကိုလည်း ၁ ကျပ် ၅၀ ပြားနှုန်းသာ ဖြစ်သည့်အတွက် အလွန်သက်သာသော နှုန်းဖြစ် ထုတ်ချေးပေးပြီး အသင်းကြီးရေရှည် ရပ်တည်နိုင်စေရန် အသင်းသားများမှ စုဆောင်းငွေများကို မှန်မှန်စုဆောင်းပေးပြီး ချေးငွေများကိုလည်း မှန်မှန်ပေးဆပ်ကြပါရန် ပြောကြားခဲ့ပြီး မြဖူးဝေငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ တာဝန်ရှိသူများနှင့် စာရင်းစစ်များမှ ဘဏ္ဍာရေးအခြေအနေများကို ဆက်လက်ပြောကြားကာ သဘာပတိ ဦးငိုဘွယ်မှ အနားယူပြီး ဒေါ်နန်းကြည်ကြည်မြင့်မှ ဆက်လက်တာဝန်ယူပြီး အသင်းသားများ၏ ထောက်ခံမှုဖြင့် အမှုဆောင် ၇ ဦးကိုပါ အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)