သတင်းများ

မြောက်ဦးမြို ၌ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ် ကွက်များ၌ လူစည် ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Feb 22,2022
ကိုဗစ်-၁၉ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှု မြှင့်မားလာခြင်းကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ယုဇနဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Feb 22,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသော အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ် တောင်းရှည်ရွာမှ သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့
Feb 22,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြိတ်ခရိုင်လူမှုဝန်ထမ်းရုံး၌ ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၁၀) နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေး
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်ကျန်ရှိသော ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာ ရင်း ပြုလုပ်လိုသူများအားရပ်ကွက် ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက် (၁၀)နာရီမှ စတင်၍ လှော်ကားကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်လစာငွေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ အေးချမ်းစွာထုတ်ပေးလျက်ရှိ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင် လစာငွေများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်၌လည်း ပင်စင်လာရောက်ထုတ်ယူသူများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ် တာဝန်ခံထံမှ သိရသည်။
မြေမုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး (Mask Campaign)ဆောင်ရွက်
Feb 22,2022
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့်၊ မြေပုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း က မြေပုံမြို့ မြို့မဈေး၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင် ရွက်ကြ ကြောင်းသိရသည်။