အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင်စစ်ဆေး

အင်္ဂပူ  ဖေဖော်ဝါရီလ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်ဆန်း ​ဦးဆောင်သော မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ အင်္ဂပူမြို့နယ်ဒေသအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေး အရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရခြင်းမှာ စျေးကွက်အတွင်း ပိုးသတ်ဆေးအတုအပများနှင့် လိုင်စင်မဲ့ အရောင်းဆိုင်များမရှိစေရေး၊ တရားမဝင်ရောင်းချသော ပိုးသတ်ဆေးများမရှိစေရေး၊ ဒေသခံ တောင်သူများ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သုံးစွဲမှု မှန်ကန်စေရေးအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာမျိုးစေ့ အရောင်းဆိုင်များအား လစဉ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)