မိုင်းနောင် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ပုံမှန်ရောင်းချလျက်ရှိသော (၅) ရက်တစ်ပတ် ပျံကျစျေးသည် စျေးရောင်းစျေးဝယ်များဖြင့် စည်စည်ကားကား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါစျေးသည် မိုင်းနောင်မြို့တွင်း နေထိုင်သော မိဘပြည်သူများ၊ အနီးပတ်ဝန်းကျင်ရွာများမှ လီရှော၊ လားဟူ၊ ပလောင်တိုင်းရင်းသားများအပြင် လားရှိူး၊ ကျေးသီး၊ ပင်လုံ၊ လဲချား၊ ခိုလမ်၊ မိုင်းရှူးမြို့များမှ စျေးရောင်းသူများ လာရောက်ရောင်းချလျက်ရှိသည်။
ယခုအခါ Covid-19 ရောဂါ ကူးစက်ပျံနှံ့မှုထပ်မံ ဖြစ်ပွားသဖြင့် စျေးရောင်းချနေသူများနှင့် စျေးဝယ်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ Covid-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များ၊ မြို့နယ်စည်ပင်သာသာရေးဌာန၏ စျေးစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ရေးကိုလည်း စည်ပင်သာယာရေးဌာန ဝန်ထမ်းများက နှိုးဆော်သတိပေးလျက်ရှိကြောင်း သိရှိရသည်။
စောအောင်မိုးထွေး