မြင်းမူ ဖေဖော်ဝါရီလ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် Sputnik Light အမျိုးအစား ထပ်ဆောင်း ကာကွယ်ဆေး BosterDoseကို ယနေ့ နံနက်မှ စတင်ကာထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ယနေ့ စတင်ထိုးနှံပေးလျက်ရှိသည့် boster dose အပိုထပ်ဆောင်းကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအဖြစ် ယခင်ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးဖြစ်ကာ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် သာဿနာ့အနွယ်ဝင် ဆရာတော် များ/ သီလရှင်များ၊ ဒေသခံပြည်သူများနှင့် သတ်မှတ်အသက်အရွယ်ပြည့်ပြီးသူ ကျောင်းသား/သူများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို ထံမှသိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ် အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် နေ့စဉ်နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)