လာအိုနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမား (၆၅)ဦးအား နေရပ်အသီးသီးသို့ ပို့ဆောင်ပေး

တာချီလိတ် ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမား (၆၅)ဦးအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်အလုပ်သမားများကို လာအိုနိုင်ငံမှ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး စံလင်းဖြိုး Quarantine Centre တွင်ထားရှိခဲ့ကြောင်း၊ သတ်မှတ်ရက်များအတွင်း နှာခေါင်းနှင့်အာခေါင်တို့ဖတ် (၃)ကြိမ် ရယူစစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုးကင်းစင်ကြောင်း အတည်ပြုချက်ရရှိခဲ့သဖြင့် မော်တော်ယာဉ်များဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် နေရပ်ပြန်ပို့မည့် မြန်မာအလုပ်သမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)