ပေါက်တော ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ် သာသနာ့ဗိမာန်နှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်(၁၃)နေရာတို့တွင် ယနေ့နံနက (၉)နာရီက ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်များသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်း ကောက်ယူခြင်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိ သူများ ကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမ အသုတ်(ပထမ)အကြိမ်ကို ယမန်နေ့က ပေါက်တောမြို့ပေါ် သာသနာ့ ဗိမာန်စုရပ်နှင့် ကျေးလက်ကျန်းမားရေးဌာနစုရပ် (၁၃)နေရာများ၌ အသက်(၁၈)နှစ် နှင့်အထက် ဦးတည်အုပ်စု ပြည်သူ စုစုပေါင်း(၃၄၆၅)ဦး လာရောက်ထိုးနှံခဲ့ကြပြီး၊ ကျန်ရှိပြည်သူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်