ရမ်းဗြဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်း ဆင်းပွဲကျင်းပ

ရမ်းဗြဲ   ဖေဖော်ဝါရီ   ၂၂

ရခိုင်ပြည်နယ်၊  ရမ်းဗြဲမြို့နယ်၌  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်များ သင်တန်းသားသင်တန်းသူများနှင့် သင်တန်းနည်းပြတို့ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားသည်။

၎င်းနောက် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ အသက်မွေးဝမ်းကျာင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် ရှေ့လာမည့် လများတွင်လည်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် ရုံးတွင်း သံဂဟေဆက် နည်းအခြေခံသင်တန်းနှင့် အခြေခံအပ်ချုပ်စက် သင်တန်းတို့ကို ကျေးရွာများသို့ သွားရောက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြေင်းတို့ကို ရှင်းလင်းပြာကြားပါသည်။

ထို့နောက် ဖေဖော်ဝါရီလ ရက်နေ့မှ ၂၁ နေ့ထိ ဖွင့်လှစ်ခဲ့သော အခြေခံအပ်ချုပ်စက် သင်တန်းတွင် တက်ရောက်သင်ကြားခဲ့ကြသည့်  သင်တန်းသား/ သင်တန်းသူ (၂၀) ဦး အတွက် သင်တန်းဆင်း လက်မှတ်များကို တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းတို့က ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)