ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ်၊ မေလ(၃) ရက်နေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပြီးစီးသူဦးရေ ၇၉၆၀ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၉၃၈စု အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံက သိရသည်။
ပန်းခင်းစီမံချက်များဖြင့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၁ ခုနှစ် ၊ မေလ ၃ ရက်နေ့မှ စတင်ကာ အဖွဲ့များခွဲ၍ ရပ်ကွက်/ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာနည်းလမ်းများနှင့် အညီ စနစ်တကျ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မေလ(၃)ရက်နေ့မှ ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် ကျား ၃၇၈၅ ဦး ၊ မ ၄၁၇၅ ဦး ၊ စုစုပေါင်း ၇၉၆၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းအနေဖြင့် အိမ်ထောင်စုပေါင်း ၉၃၈ စုအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာ ရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )