သီဟိုဠ်စေ့ပေါ်ချိန်တွင် ကလိန်အောင်ဒေသထွက် သီဟိုဠ်စေ့ဈေးကောင်းရရှိ
Feb 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သီဟိုဠ်ခြံ စိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ် သီဟိုဠ်စေ့ပေါ်ချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။