ဂွမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဂွ ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသော အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ Covaxin(ပထမအကြိမ်) ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယမန်နေ့က စေတနာ့ ဝန်ထမ်း(၄)ဦး၊ မသန်စွမ်း/နာတာရှည်(၁)ဦး၊ သာသနာ့ ဝန်ထမ်း(၃)ဦး၊ နိုင်ငံ့ဝန်ထမ်း/ မိသားစု(၁)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၁)ဦး၊ အကျဉ်းအချုပ်သား(၂)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း(၄)ဦး၊ စျေးသူ/စျေးသား(၁၄)ဦး၊ အခြားဝင်ငွေရ (၁၃၈)ဦး၊ အခြား/မိသားစု/မှီခို(၁၉၁)ဦး၊ စုစုပေါင်း(၃၆၀)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေး ဝန်ထမ်း များနှင့်သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေးအခြေ အနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်