သတင်းများ

ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် လက်လုပ်ဗုံးပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Feb 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်ခန့် က လက်လုပ်မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသော PVC ပိုက် (၆)ချောင်း၊ ပိုက်ဖြတ်ကရိယာများ၊ သံဘောစေ့များ၊ အမိုနီယံနိုက်ထရိတ် (၁)ကျပ်သားခန့်၊ နိုင်ငံတော်အကြီးအကဲပုံပေါ်တွင် ဆန့်ကျင်စာ/သရော်စာများ ရေးသားထားသည့် ဓာတ်ပုံစာရွက် များ၊ နိုင်ငံတော်အားအကြည်ညိုပျက်စေမည့် ဓာတ်ပုံစာရွက်များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့စာဖတ်ဝိုင်းပြုလုပ်
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ် စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန် အများပြည်သူ ဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရေး၊ အမှားအမှန် ဝေဖန်ပိုင်ခြား နိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေ ဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ Youth Clubအဖွဲ့တို့၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်
Feb 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ များ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နေ့လည် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါလျော့နည်း ကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သောSputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့ ဆီးသီးစျေးကွက်သို့ ဆီးသီးများ ပုံမှန်ဝင်ရောက်လျက်ရှိ
Feb 22,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ဆီးသီးစျေးကွက်သို့ ဆီးသီးများပုံမှန် ဝင်ရောက် လျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ ဆီးသီးဝယ်ယူသူ တစ်ဦးထံမှ သိရသည်။
မိတ္ထီလာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်
Feb 22,2022
မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေးစစ်ရေးဂိတ် ၂ ခုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး မြို့ဝင်မြို့ထွက်တိုးဂိတ် ၂ ခုတွင် ဖွင့်လှစ် ဆောင်ရွက်ကြောင်းသိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်ပြန်လည်ဖွင့်လှစ်
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေး အတွက် ဆီဆိုင်မြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မင်းပြားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။