သတင်းများ

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာနှင့် တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Feb 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာနှင့် ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု တောဇွန်တဲတိုက်တို့တွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေ ၂၄၀၀ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ကာကွယ်ဆေး(COVISHIELD)ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Feb 23,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အ သက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်(COVISHIELD)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ကရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆု တောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ် (လဝက)မှ “ပန်းခင်းစီမံချက်” ဖြင့် ညောင်ပင်ကွင်းကျေးရွာသို့ အိမ်ထောင်စု(၃၁၆)နှင့် နိုင်ငံသားကတ် (၆၁၅) ဦးအား ကွင်းဆင်းပြုလုပ်ပေးခဲ့
Feb 23,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အတွင်း ဖေဖော်ဝါရီလ (၁၇ ရက်မှ ၂၂) ရက်အထိ (၆)ရက်တိတိ သဘော့လိပ်ကျေးရွာနှင့် ညောင်ပင်ကွင်းအရှေ့ရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လသာမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Feb 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်း အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ  ဆ/ခ  ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လသာမြို့နယ်ရုံး၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာဆီသင်တန်း ဖွင့်လှစ်
Feb 23,2022
ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု တပိုင်တနိုင်စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံး သုံးဆပ်ပြာဆီသင်တန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံး၌ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)အမျိုးအစား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVISHIELD အမျိုးအစားကို ပြည်သူများအား ယမန်နေ့နံနက် (၈)နာရီအချိန်မှ ညနေ (၃)နာရီအချိန်အထိ ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားတီးတိန်၌ပြုလုပ်
Feb 23,2022
ချင်းပြည်နယ် တီးတိန်မြို့၌(၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ နေ့ နံနက်၁၀နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။