မြေပုံ ဖေဖော်ဝါရီ ၂၂
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့်၊ မြေပုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း က မြေပုံမြို့ မြို့မဈေး၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင် ရွက်ကြ ကြောင်းသိရသည်။
အဆိုပါ (Mask Campaign) ပြုလုပ်မှုတွင် မြေပုံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက ဈေးအရောင်းအဝယ်သွားလာနေကြသည့် ပြည်သူများနှင့် လမ်းမပေါ်သွား လာနေသည့် ပြည်သူများကို နှာခေါင်းစည်း (Mask) ၁၀၀၀ ခု ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး များဆောင်ရွက်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)