မြောက်ဦးမြို ၌ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်

မြောက်ဦး  ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ် ကွက်များ၌ လူစည် ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 စည်းမျဉ်း စည်းကမ်းများနှင့် အညီ မြို့ပေါ်ရပ်ကွက်နေမိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊နှာခေါင်းစည်း (Mask)များစနစ်တကျတပ်ဆင်စေခြင်များ အလေးထားလိုက်နာကြရန်ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ဈေးရောင်းဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ်မောင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ၊ ထွေလာဂျီမောင်းနှင်သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask တတ်ဆင်သွားလာစေခြင်းများ၊ နှာခေါင်းစည်း(Mask) မပါရှိသူများအား  နှာခေါင်းစည်း Mask Campaing ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)