သတင်းများ

ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Feb 24,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်များအရောက် နေစဉ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးသူများအား ကတ်ပြားများကို ပြည်သူများထံအရောက်ပေးခဲ့ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်၌ အခြေခံစားသောက်ကုန်များ လာရောက်ရောင်းချပေး
Feb 24,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ဆန်၊ဆီ၊ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၇)ရပ်ကွက်၌ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့၌ မြို့ဦးစေတီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာသဘင်အခမ်းအနားကျင်းပ
Feb 24,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်ဦးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာ သဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၄၉)ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Feb 24,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင် ကာကွယ် ရေးနှင့် သရုပ်ပြသခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက အမှတ်(၄၉) စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ
Feb 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအားကြည်ရှုစစ်ဆေး
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Feb 24,2022
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ် ၍ ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွှဲ(၂)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့၌‌ ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်ခြင်းအား ကွင်းဆင်းစစ်‌‌ဆေး
Feb 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခြောက်လပတ်ပြည်ထောင်စု ခွင့်ပြုရန်ပုံ ငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဖြစ်သော ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်းခြင်းဆောင်ရွက်‌ပြီးစီးမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဒုတိယ ညွှန်ကြားရေးမှူးဦးခင်မောင်တိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌အောင်မျိုးထက်နှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၊ ရပ်မိရပ်ဖများမှ လုပ်ငန်းဆောင်ရွက်‌ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြသည်။