သတင်းများ

ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Feb 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆေးများအား ယနေ့ နံနက် (၁၀)နာရီအချိန်မှစတင်၍ တစ်ကြိမ်တစ်ခါမှ ဆေးထိုးနှံခြင်း မပြုရသေးသည့် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ မြက်တို-ဝဲကြီးကျေးရွာရှိ အေးသာမြကန် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိသည်။
မိုင်းဖြတ်၌ Quartine Center များ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ ညနေပိုင်းက Quartine Center များ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေးအတွက်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် စားအုန်းဆီပိဿာ (၁၁၀၀)အား ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချ
Feb 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် အောင်တော်မူ ဘုရားတန်ဆောင်းတော်ဘေးရှိ နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်၌ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဆီစက်လုပ်ငန်းရှင်များ ပူးပေါင်းကာ မိဘပြည်သူများ ချိုသာသော ဈေးနှုန်းဖြင့် စားအုန်းရရှိ သုံးစွဲနိုင်ရေးအတွက် စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ် နှုန်းဖြင့် ဖေဖော်ဝါရီ (၂၄)ရက်မှ စတင်၍ ရောင်းချပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Feb 25,2022
ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။
ရမ်းဗြဲမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန် ရောဂါပိုးကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Feb 25,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask များအခမဲ့ ဖြန့်ဝေ
Feb 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
နွေစပါးနှင့်အခြားသီးနှံ စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းနှင့် နွေစပါးအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
Feb 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရှင်ယွန်းစံ ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် နွေစပါးနှင့် အခြားသီးနှံ စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Feb 25,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည် ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။