ထားဝယ် ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆိုင်များ၊ ဈေးများ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင် များ၊ လမ်းဘေးဈေးဆိုင်များအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
ရွှေပင်လယ်(ထားဝယ်)