ပွင့်ဖြူမြို့နယ်၌ ဆူးပုပ်စိုက်ပျိုးတောင်သူများ မိသားစုနေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေ
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ အညာကျေးလက်နေ တောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းမြေများတွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေး လုပ်ငန်းကိုအားထား စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။