ဖားကန့်မြို့၌ မြို့ဦးစေတီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာသဘင်အခမ်းအနားကျင်းပ

ဖားကန့် ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်ဦးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာ သဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆပ်တော်ရ ဆန်းကြွယ်ဆရာတော် ဘဒ္ဒန္တကဝိသာရ အရှင်သူမြတ်ထံမှ ငါးပါးသီလဆောက်တည်ကာ ယာယီစံကျောင်းတော်မှ တစ်ဆင့် ဆရာတော် ဘုရားကြီး၏ ရုပ်ကလပ်တော်လဲဝါရုံ ဗဟိုမဏ္ဍပ်ဧယာဉ်ပုခက်မြတ်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ယမန်နေ့ နံနက် ၈ နာရီခွဲတွင် မြို့ဦးစေတီဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ် မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပန သရဏဂုံတင် မရဏာနုဿတိပွားများခြင်း အစီအစဉ်ကို ကျင်းပခဲ့ပြီး ညနေ ၃ နာရီတွင် မော်ဝမ်းရပ်ကွက်ရှိ  မြနဒီဘုရားဝင်းအတွင်း၌ နံ့သာထင်းမျိုးစုံ တို့ဖြင့် မီးသင်္ဂြိုလ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်