သတင်းများ

မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်း စိုပြေရေးအတွက် ပျိုးပင်ပေါင်း(၂၂၀၀၀)ကျော်အား အခမဲ့ ဖြန့်ဝေပေးသွားမည်
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ရေတို/ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပျိုးပင်ပေါင်း(၂၂၀၀၀)ကျော်အား ပြုစု ပျိုးထောင်ထားကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်‌မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဇော်ဟိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအုပ် ချုပ်‌ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကျိုင်းတောင်းမြို့၌ ပထမအကြိမ် COVID-19 ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Feb 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နေ့လည် ၁ နာရီခွဲ အချိန်က စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းတုံမြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာရှိ အိမ်ထောင်စု စာရင်းအတိုင်း Mask များ အခမဲ့ဖြန့်ဝေပေး
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျန်းမာ‌ရေးဌာနမှ‌ မြို့နယ် ဆရာဝန်ဒေါက်တာသက်ခိုင်မင်းနှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာရှိ အိမ်ထောင်စု စာရင်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် နှာခေါင်းစည်း(Mask)အခု (၅၀) ပါတစ်ဘူးနှုန်း ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
ဂွမြို့ တိုင်ကျိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Feb 23,2022
ရခိုင်ပြည်နယ်၊ ဂွမြို့ တိုင်ကျိုးကျေးရွာတွင် ယနေ့ နံနက်၂နာရီခွဲ အချိန်ခန့်က ဖယောင်းတိုင်မီး မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းများ မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ
Feb 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက်ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တုံစင့်ကျေးရွာနှင့် ခမရ (၅၀၄)တပ်တွင်း အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းစစ်ဆေးခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သထုံမြို့နယ်အတွင်း တည်ဆောက်နေသည့် စာသင်ကျောင်းဆောင်သစ်များနှင့် ကျေးလက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မှီရေး ကြည့်ရှုစစ်ဆေး
Feb 23,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် စာသင်ကျောင်းဆောင်သစ်များနှင့် ကျေးလက် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Feb 23,2022
ပဲခူးခရိုင်မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့၀၈:၀၀အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။