ရှားတော ဖေဖော်ဝါရီ ၂၄
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ် ၍ ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွှဲ(၂)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် နိုင်ငံ အများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေးအတွက် ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များလက်မခံပါရန်၊ လိုအပ်၍ပြင်ပကိုထွက်ခွာသွားလာပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ တစ်စုံတစ်ရာ ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စကကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အသိပေးညွှန်ကြားချက်များကို မိဘပြည်သူများ အနေဖြင့်တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)